အရမ်းနှစ်ခြိုက်စရာလေးမို့ တင်ပေးလိုက်ပါတယ်။ကျွန်တော်ရေးတဲ့ကဗျာတွေထက် ပိုကြိုက်လို့ပါ ခင်ဗျား။အားပေးခံစားကြည့် ကြပါဦး။(စကားချပ်။ ။ PSY ရဲ့ GENTLEMAN ကနောက်မှပေါ်တာ။ ကျွန်တော့်သူငယ်ချင်းကဗျာကလွန်ခဲ့တဲ့ ၁၅နှစ် ၁၆နှစ်လောက် ကတည်းကပါ။)***
လူကြီးလူကောင်း
စင်ပေါ်တက်ကြွေးကြော်
သူ့ အာဘော် က
အရှက်နဲ့ ဂုဏ်သိက္ခာ
ဘဝမှာ အရေးပါတယ်တဲ့။
သို့ပေမယ့် ...
သူ ကွင်းလုံးကျွတ်နေတာ သူမသိ
ဝိုင်းကြည့်နေတာလည်းအရာမထင်
ဟန်တပြင်ပြင် စင်ပေါ်ကအဆင်း
ဖိနပ်ချင်းတောင်လဲသွားလိုက်သေးတယ်။
No comments:
Post a Comment