Monday, April 14, 2014
***ပုံထဲတွင်​ ​ဆေးခါးကြီးကို​ပေါ်လွင်​​စေရန်​ သကြားလုံး​လေးများကိုထည့်​ဖို့ ညီဖြစ်​သူမှ အကြံ​ပေးသဖြင့်​ ဖြည့်​စွက်​လိုက်​ရပါသည်​။...***
ဆေးခါးကြီးတစ်​ခွက်
ကိုယ်​တိုင်​ လိုလားလို့ပဲဖြစ်​ဖြစ်
မိဘက ထားလို့ပဲဖြစ်​​ဖြစ်
ယူချ င်​ချ င်​ မယူချ င်​ချ င်
ကျူ ရှင်​ ယူဖြစ်​တဲ့တပည့်​နဲ့
သူ့ဆရာတို့ရဲ့ကြား ၊
ကိုယ်​တိုင်​ စိတ်​နာလို့ပဲဖြစ်​ဖြစ်
အခြားတစုံတရာ​​​ကြောင့်​ပဲဖြစ်​ဖြစ်
တော်​ချ င်​ချ င်​ မ​တော်​ချ င်​ချ င်
အဆင်​မ​ပြေ ကွဲ​နေတဲ့မိဘနှစ်​ပါးနဲ့
သားသမီး တို့ရဲ့ကြား ၊
ကိုယ်​တိုင်​ ချ စ်​လို့ပဲဖြစ်​ဖြစ်
မိဘ​ပေးစားလို့ပဲဖြစ်​ဖြစ်
နေချ င်​ချ င်​ မ​နေချ င်​ချ င်
အိမ်​​ထောင်​သက်​ရှည်​ကြာ အက်​သံပါလာတဲ့
အတူ​နေလင်​မယားတို့ရဲ့ကြား ၊
မြင်​သာလျ က်​ပဲဖြစ်​ဖြစ်
မမြင်​သာလျ က်​ပဲဖြစ်​ဖြစ်
မဖြစ်​မ​နေ ချ ည်နှောင်တွယ်ငင် ကြိုးတစ်မျှ င်မို့ 
သောက်​ချ င်​ချ င်​ မ​သောက်​ချ င်​ချ င်
မျ က်​​စေ့စုံမှိတ်​ အံကြိတ်​မျို ချ
သောက်​​သင့်​ကြတဲ့ ​ဆေးတစ်​ခွက်​ဟာ
နားလည်​မှု ဆိုတဲ့​ဆေးခါးကြီးပါပဲ။      ။        ။
Symm
April 15,2014
Tuesday
7း46AM
(ဒီကဗျာတင်ပြီးမှfacebookမှာမထင်မှတ်ပဲ ဖတ်မိတာက ဆရာဦးဘုန်း(ဓာတု)ရဲ့
ဒီစာလေးတွေကိုဖတ်မိတယ်။
နည်းနည်းဆင်နေပါတယ်။
တိုက်ဆိုင်မှု ဖြစ်ပါတယ်။
ဒီနေရာကပဲ ဆရာဦးဘုန်းကို
ဂါရဝပြုအရိုအသေပေးပါတယ်။)
No comments:
#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }