Monday, April 14, 2014
***ပုံထဲတွင်​ ​ဆေးခါးကြီးကို​ပေါ်လွင်​​စေရန်​ သကြားလုံး​လေးများကိုထည့်​ဖို့ ညီဖြစ်​သူမှ အကြံ​ပေးသဖြင့်​ ဖြည့်​စွက်​လိုက်​ရပါသည်​။...***
ဆေးခါးကြီးတစ်​ခွက်
ကိုယ်​တိုင်​ လိုလားလို့ပဲဖြစ်​ဖြစ်
မိဘက ထားလို့ပဲဖြစ်​​ဖြစ်
ယူချ င်​ချ င်​ မယူချ င်​ချ င်
ကျူ ရှင်​ ယူဖြစ်​တဲ့တပည့်​နဲ့
သူ့ဆရာတို့ရဲ့ကြား ၊
ကိုယ်​တိုင်​ စိတ်​နာလို့ပဲဖြစ်​ဖြစ်
အခြားတစုံတရာ​​​ကြောင့်​ပဲဖြစ်​ဖြစ်
တော်​ချ င်​ချ င်​ မ​တော်​ချ င်​ချ င်
အဆင်​မ​ပြေ ကွဲ​နေတဲ့မိဘနှစ်​ပါးနဲ့
သားသမီး တို့ရဲ့ကြား ၊
ကိုယ်​တိုင်​ ချ စ်​လို့ပဲဖြစ်​ဖြစ်
မိဘ​ပေးစားလို့ပဲဖြစ်​ဖြစ်
နေချ င်​ချ င်​ မ​နေချ င်​ချ င်
အိမ်​​ထောင်​သက်​ရှည်​ကြာ အက်​သံပါလာတဲ့
အတူ​နေလင်​မယားတို့ရဲ့ကြား ၊
မြင်​သာလျ က်​ပဲဖြစ်​ဖြစ်
မမြင်​သာလျ က်​ပဲဖြစ်​ဖြစ်
မဖြစ်​မ​နေ ချ ည်နှောင်တွယ်ငင် ကြိုးတစ်မျှ င်မို့ 
သောက်​ချ င်​ချ င်​ မ​သောက်​ချ င်​ချ င်
မျ က်​​စေ့စုံမှိတ်​ အံကြိတ်​မျို ချ
သောက်​​သင့်​ကြတဲ့ ​ဆေးတစ်​ခွက်​ဟာ
နားလည်​မှု ဆိုတဲ့​ဆေးခါးကြီးပါပဲ။      ။        ။
Symm
April 15,2014
Tuesday
7း46AM
(ဒီကဗျာတင်ပြီးမှfacebookမှာမထင်မှတ်ပဲ ဖတ်မိတာက ဆရာဦးဘုန်း(ဓာတု)ရဲ့
ဒီစာလေးတွေကိုဖတ်မိတယ်။
နည်းနည်းဆင်နေပါတယ်။
တိုက်ဆိုင်မှု ဖြစ်ပါတယ်။
ဒီနေရာကပဲ ဆရာဦးဘုန်းကို
ဂါရဝပြုအရိုအသေပေးပါတယ်။)
A FRIEND'S POEM
***ဒါ​လေးကလည်း ​ကျောင်း​နေဖက်​သူငယ်​ချင်း​နောက်​တစ်​​ယောက်​ရဲ့ကဗျာ​လေးပါပဲ။
အရမ်းနှစ်​ခြို​က်​စရာ​လေးမို့ တင်​​ပေးလိုက်​ပါတယ်​။ကျွန်​​တော်​​ရေးတဲ့ကဗျာ​တွေထက်​ ပိုကြိုက်​လို့ပါ ခင်​ဗျား။အား​ပေးခံစားကြည့်ကြပါဦး။(စကားချပ်​။   ။ PSY ရဲ့ GENTLEMAN  က​နောက်​မှ​ပေါ်တာ။ ကျွန်​​တော့်​သူငယ်​ချင်းကဗျာကလွန်​ခဲ့တဲ့ ၁၅နှစ်​ ၁၆နှစ်​​လောက်​ ကတည်းကပါ။)***
             လူကြီးလူ​ကောင်း 
         စင်​​ပေါ်တက်​​ကြွေး​ကြော်
         သူ့ အာ​ဘော်​ က
         အရှက်​နဲ့ ဂုဏ်​သိက္ခာ
         ဘဝမှာ အ​ရေးပါတယ်​တဲ့။
         သို့​ပေမယ့်​ ...
         သူ ကွင်းလုံးကျွတ်​​နေတာ သူမသိ
         ဝိုင်းကြည့်​​နေတာလည်းအရာမထင်
         ဟန်​တပြင်​ပြင်​ စင်​​ပေါ်ကအဆင်း
         ဖိနပ်​ချင်း​တောင်​လဲသွားလိုက်​​သေးတယ်​။
'' A friend's poem ''
***ဒါက ကျွန်​​တော်​​ရေးတာမဟုတ်​ပါဘူး။ ​ကျောင်း​နေဖက်​သူငယ်​ချင်းတစ်​​ယောက်​ရဲ့ကဗျာပါ။ ကျွန်​​တော့်​ကဗျာ​တွေထက်​ကိုသ​ဘောကျလွန်းလို့ တင်​လိုက်​တာပါ။ခံစားအား​ပေးကြပါဦး။***
        လူ
      ကိုယ်​နဲ့မကြည်​....
      ......... ဥာဏ်​မမီ  ။
       ဥာဏ်​ရည်​သာ​မြောက်​​....
      ..........​ဂေါက်​​     ။         ။
                   မင်းညို
#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }