Thursday, March 5, 2015

❆  "​ဖြေ​ဆေး...." ❆ 

***************


အလို......

ငါ..ငိုလိုက်​မိချိန်​....

ကျေးငှက်​​တွေ....မင်းတို့​လှောင်​ရယ်​လိုက်​သလား.....

စိုလက်​စမျက်​ရည်​ကြားက...

အားတင်းကာ..​တေးချင်းညည်း...

နရီ..စည်း..ဝါးနဲ့..က...

ပြုံးရယ်​ပြမှာ...ဘယ်​သူလဲကွ....။


အလို.......

ငါ..အိပ်​စက်​နားလိုက်​ချိန်​....

ကြယ်​စင်​​တွေ....မင်းတို့​လှောင်​ရယ်​လိုက်​သလား.....

အရုဏ်​တက်​​...​နေအထွက်​မှာ...

(အ​ဟောင်းမှန်​ရာစွန့်​ပစ်​)...

ပြိုးပြိုးပြက်​တဲ့...ဆဲလ်​အသစ်​​တွေနဲ့

နေ့အလင်းအဖြစ်​ကိုရင်​ဆိုင်...

ယှဉ်​ပြိုင်​မယ့်​သူ...ဘယ်​သူလဲကွ....။


အလို.......

ငါ..​ချော်​လဲလိုက်​ချိန်​....

တိမ်​စိုင်​​တွေ....မင်းတို့​လှောင်​ရယ်​လိုက်​သလား.....

အ​ထောက်​အကူ..မယူလို....

ကိုယ့်​အရိုးကိုယ်ထူပြီးထ..

ကျရာမှာ..ရစုန်​မ​လိုက်​..

ဆန်ဖို့..ကြိုက်​သူ....ဘယ်​သူလဲကွ.....။


အလို.......

ငါတွန့်​တိုမိခဲ့ချိန်​....

နာရီ​တွေ....မင်းတို့​လှောင်​ရယ်​လိုက်​သလား.....

ရာသီကို..မျက်​​ခြေမပြတ်​ကြည့်​...

ကိုယ့်​အသိ​အမြင်​...မျှ​ဝေ..

ပိုင်​ဆိုင်​တာ​တွေ...တံဆိပ်​မခတ်​...

(လွတ်​လပ်​စွာ)...

ကြိုးဖြတ်​​ပေးမှာ..ဘယ်​သူလဲကွ....။


အလို.......

ငါ..လက်​မ​ထောင်​မိချိန်​....

ကြယ်​ငါး​လေး​တွေ...မင်းတို့​လှောင်​ရယ်​လိုက်​သလား.....

မာနတရားကိုချိပ်​ပိတ်​....

ပ..လွှား.ချင်​စိတ်ကိုသဂြုင်္ိဟ်​..

မလိုရာ..ကိုပယ်​....

လိုတာကို..နာယူလွယ်​တဲ့....

ထောင်​တတ်​မယ့်​နား..ပါသူ....ဘယ်​သူလဲကွ....။


ဒီလို...

ငိုချင်းနဲ့ရက်​မရှည်​...

ရက်လွန်​​တွေနဲ့မအိပ်​နား

လဲ​သွားရောထိုင်​..မ​နေချင်​...

အသိအမြင်​​​သော့မခတ်

လေပြည်​လာရာနားစွင့်​လို့

(သာသာယာယာ)...

တံခါးဖွင့်​ထားဖို့လည်း တတ်​ခဲ့ပြီ....။        


နေဝင်​ဆည်းဆာ..အလှတရားနဲ့...

အိမ်​ပြန်​ချိန်​များ...​နောက်​မကျ​ချင်​.......။           ။



အိန်​ခက်​မျိုး

[မနက်​ ၈:၃၅၊

ကြာသပ​တေး၊

မတ်​လ ၅ ရက်၊

၂၀၁၅။]

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }