Friday, September 25, 2015


=============

❆ ဘဝနှစ်​ခုရဲ့သချာင်္ ❆ 

=============


ဒီမှာအမိ....

လူသားဆန်​ခြင်းဆိုတာ အလျှင်း​မရှိ

လူ့ဘဝဆိုတာရဲ့အသိထက်

တစ်​​နေ့​ ငွေအုပ်​​ရေဘယ်​​လောက်​ထွက်​ထွက်

အဆက်​မပြတ်​​ရေတွက်​​နေရတဲ့​ငွေ​ရေစက်​အလား....

ငွေတွက်​ဖို့ပဲစဉ်းစား​​​နေတဲ့...မင်းကို

လူသားဆန်​လိုတဲ့ကိုယ်​နဲ့

စားချပစ်​ခဲ့မယ်​ဆို....

သုညအစားတစ်​​လေ...

အ​ဖြေအထွက်​ဟာ ​ကျေနပ်​စရာမရှိ

တကယ့်​ကိုသုညအတိပဲထွက်​မှာပါ။


ဒီမှာအမိ....

ငွေ​ကြေးဓန​တွေ​​ပေါကြွယ်​ဝ

ပိုင်​ဆိုင်​မှု​တွေ ​များလှတဲ့ မင်းကိုသာ...

ဥစ္စာပစ္စည်းဆိုတာ ​...

ပြောစရာ မည်​မည်​ရရမရှိ

ဗလာ တကယ်​နတ္ထိချည်းဆိုတဲ့ ကိုယ်​နဲ့စား

ထွက်​သွားမယ့်​အ​ဖြေအသစ်​က...

တစ်​အစားသုည​...

အနန္တအ​ဖြေ....

ဆုံးဖြတ်​လို့​တောင်​မရ​ပေဘူး ။


အိန်​ခက်​မျိုး

Sept.24,2015.

Thursday.

5:30a.m.


=========

❆ ကုစားရာ ❆ 

=========


ဘဝရဲ့အလင်္ကာ...

မြင်ကွင်းမှာ...ရှာမိ၊

သာယာနေ...ရှုမျှော်ခင်းဟာ

ရင်တွင်းမှာငြိ ။ 


ခွာချခဲ့အတိတ်​ခြုံလွှာ

ကြုံဆဲသာတန်​ဆာဆင်​ရင်း၊

ပုံ​နေတဲ့​နှောင်းဝတ်​ရုံများကို

ထားခဲ့အလျှင်း။


ချမ်း​မြေ့တဲ့ပစ္စခတ်​အခါ

ချည်​​နှောင်​ရာ မဲ့ကင်း၊

သောက​တွေ ​​ဖြေကာလွှင့်​လျက်​ကွယ်

လွတ်​လပ်​​လေညင်း ။


ဖတ်​ရှုရင်းအ​ဆွေမှာ

ကြည်​လင်​ကာစိတ်​တွင်း၊

အာရုံ​​တွေပြေကာလင်းရင်​ဗျ...

ရေးရနပ်​ခြင်း ။


အိန်​ခက်​မျိုး

Sept.21,2015

11:00p.m.


❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ 

❆ သဘာဝ​ငြိမ်းချမ်းခြင်းကဗျာ ❆ 

 ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ 


ခေါင်းစဉ်​တည်​ရာ

ကောင်းကင်​​ဆီမှာ

စာသားခြေရာ ​တောအုပ်​တွင်း၊

လေညင်း​တွေခြံရံရင်းသာ

ဒေါင်းဖလ်​ဝါ ကာရန်​နင်းတယ်

ညံ့သက်​ဘိခြင်း။


တိမ်​တိုက်​က အလကာင်္

ငှက်​သာရကာ န​ဘေချဉ်း၊

ကမ္ဘာ​မြေ သာကြည်​​အေး​စေဖို့

ကဗျာ​တွေ စာစီ​ပေးလို့ရယ်

ရေး.....ဆက်​ကာသွင်း ။      ။


အိန်​ခက်​မျိုး 

Sept.20,2015.

Sunday.

7:32p.m.

Friday, September 18, 2015


=============

❆ အိမ်​ရှင်​ အိမ်​ငှါး ❆ 

=============


တွေးရခက်​​နေလား

သောကမပွား

မောဟမထားနဲ့

စကား​​လေးတစ်​ခွန်းတော့ ခွင့်​ပြုပါ

အမှား​လေးစွန်း​​တော့ ခွင့်​လွှတ်​ပါ။ 


အချိန်​​တော်​တော်​များများ

ကိုယ်​မတင်​ထားဘဲ

အိမ်​​ပေါ်လာသွား 

အတင်းတက်​ငှါး​နေခဲ့ပြီ....။


အိမ်​​ပေါ်ရှိသမျှ

ကိုယ့်​အိမ်​အလှ

နှစ်​သာရ​တွေလည်း

ပွင့်​ဖြူ ရေထဲမြုပ်​ပြီးစ လို

အရုပ်​ဆိုးအကျည်းတန်​...။


အိမ်​ရဲ့ခြံထွက်

ပန်းမာလ်​သီးနှံ

သီးဝလံများ

ကိုယ်​​တော်​​ချောတို့စားသုံး

ပြုတ်​ပြုတ်​ပြုန်းခဲ့ပြီ

အပင်​​တွေ​တောင်​တုန်းလို့.........။


ခြံဝင်းထဲတည်

မြေဆီသြဇာ

မသုံးတတ်​တာနဲ့

ဖြုန်းပလိုက်​တာ​တော်​​တော်​များ

မီးနဲ့ တင်​ရှို့  ထားသလို.....

လောင်လို့.....ကျွမ်းလို့.....

မည်းလို့........တူးလို့.......။


သက်​တမ်းစေ့လို့

ဆင်း​ပေးဖို့ ဆို​တော့လည်း

ဟို​နေ့​ရွှေ့ ....ဒီ​နေ့​ရွှေ့ 

အ​ကြောင်းပြချက်

ခေါင်းက ထွက်​ပဲထွက်​နိုင်​တယ်​ ။

တွေးရ​တော့မည်

ဒီတစ်​ခါ​ရွေးချယ်

အပိုပေးမယ်​ဆိုဆို....

ကိုယ်​​တွေရဲ့အိမ်

ချင့်​ချင့်​ချိန်​ချိန်​နဲ့

ချသင့်​တဲ့အိမ်​ငှါး​ဆိုတာ

နေမယ့်​သူလည်း​...နေ​သာစေ

နေတဲ့အိမ်​လည်း...ရှည်​ကြာ​စေ

ဒီလိုသာ ​ပြုမူကျင့်​....

ရှဉ့်​လည်း​လျှောက်​သာ ပျားလည်းစွဲသာ...။


ကဲ...........

တွေးကြည့်​ပါစို့...

တစ်​ဖို့တည်းပါ

အများမျက်နှာမကြည့် 

တအားအရှက်ပါမရှိ  

ရှိသမျှ ဖျက်​ခွာစား

မတရား​ပေကပ်​နေမယ့်သူ.....

မကြည်​သာရင်ချန်​ထားခဲ့ 

အသာအယာပြန်​သွားမယ့်သူ.....

ဘယ်လိုအိမ်ငှါး 

ကိုယ့်အိမ်ပေါ်တင်ထားမလဲ 

စဉ်းစားကြရုံ.......။


အိန်​ခက်​မျိုး

Sept.18,2015

Friday


ရွှင်​ပြုံးချမ်း​မြေ့

လိုရာပြည့်​ကြပါ​စေ ။


=====================================================================

Thursday, September 10, 2015

❆  ညီညွတ်​ခြင်း  ❆ 

=============


စကတည်းက

အားလုံးရွေးချယ်

သင့်တော်မယ်တဲ့...။


ခရီးရဲ့ လမ်းသတ်မှတ်

သူတို့ ခရီး စထွက်ပြီ....။


အသင့်တော်ဆုံးလို့

သူတို့ ရှေ့ဆုံးတင်ထားသူ....

ချိုင့်ထူထူ ကျင်းနက်နက်

ကုန်းတက်တက် ကုန်းဆင်းဆင်း

လမ်းကျဉ်းကျဉ်း လမ်းကျယ်ကျယ်

လမ်းငယ်ငယ် လမ်းကြီးကြီး

ခရီးနီးနီး ခရီးဝေးဝေး

ခရီးကွေးကွေး ခရီးဖြောင့်ဖြောင့်

ခရီးထောင့်ထောင့် ခရီးမြန်မြန်

မဖောက်မပြန် မဖီဆန်ဘူး

မငြင်းမဆန် ခွန်းတုန့်ပြန်ဘူး

မကန်မတိုက် ဘေးတိုက်လိုက်ဘူး

စဦး၌ချ လမ်းမူလတိုင်း

နောက်ကလိုက်လာ ရှေ့သွားရာကို

ညီညာဖြဖြ ဒွိကိုချကာ

ဧကတစ်လမ်း ရှေ့နောက်တန်းသည်

ပုရွက်တို့လမ်း တစ်တန်းတည်း..........။   ။



အိန်ခက်မျိုး

(Sept. 8 , 2015

Tuesday

4:37p.m.)

ရွှင်ပြုံးချမ်းမြေ့...

လိုရာပြည့်ကြပါစေ။



Sunday, September 6, 2015

❆ " အချိုမှုန့်က ပေးတဲ့ဝေဒနာ "❆ 

=====================

ရံဖန်ရံခါ...

အချိန်စာရင်းပျောက်သွား...

ကျောင်းသားအိမ်..အချိန်မှား...ဝင်မိတဲ့အခါ...

ဆိုးရွားလှတဲ့ မမ်မိုရီ

အပြစ်တင်မိသည်။

ရံဖန်ရံခါ...

လျှောက်လွှာမှာပုံစံဖြည့်...

ကိုယ့်ဖုန်းနံပါတ် ကိုယ်မေ့သွားတဲ့အခါ...

ဆိုးရွားလှတဲ့ မမ်မိုရီ

အပြစ်တင်မိသည်။

ရံဖန်ရံခါ...

တစ်ခုခုလုပ်ဖို့ပြင်...

ဝင်လာကြားဖြတ်ကိစ္စတစ်ခုရောက်

အာရုံနောက်သွားရ

မူလကလုပ်မယ့်အလုပ်

ဘာလုပ်ဖို့ကို နောက်ပြန်စဉ်းစား...

ဆိုးရွားလှတဲ့ မမ်မိုရီ

အပြစ်တင်မိသည်။

သို့ပေမယ့် ...

"တစ်" ကို "တစ်" ပေါင်းထည့်

"နှစ်" မရခဲ့ခြင်းကိုလည်းကောင်း....၊

"နှစ်" ထဲမှ "တစ်" နုတ်ချ

"သုည" ဖြစ်ခဲ့ရခြင်းများကိုလည်းကောင်း...၊

သောင်းပြောင်းသောအရိပ်..

အတိတ်က...Junk Fileဆိုတာ

မလိုအပ်တော့တဲ့အရာတွေ

သူသူငါငါပြန်လည်Delete 

ဖျက်ရဖို့ရှိနေ...

ကိုယ်တွေက သာသာယာယာ...

အလိုလိုသာ အော်တို Delete...

(အဟိ)...... 

အဲဒီ့တစ်ခုနဲ့တင်

နှစ်ရှည်ကြာစားခဲ့မိ...

အချိုမှုန့်၏ကျေးဇူး

အထူး တင်ရမလိုလို......။      ။


အိန်ခက်မျိုး

Sept. 6,2015

Sunday

12:56p.m.

*အပျော်သက်သက်၊သရော်လျက်၊ခေတ်အစားအစာ၊ဝေဒနာ...။"

Thursday, August 20, 2015

 ?????????????????

   ❀ "မောဟခရီးသည်"❀

 ?????????????????

တခါတလေ...

ဘူနေတဲ့အခါ...

ဘာမှမလုပ်ဘဲ...

ကဲ...လောကဓံ...

လောက...ဒဏ်တွေချန်ရစ်...

ဖြစ်ချင်တာတွေ ဖြစ်ကြကွ ဆိုပြီး...

မောဟမြစ်ထဲ...

(ကိုယ့်ကိုယ်ကို)

မျှောချပစ်နေမိပါတယ်။

တစ်ရေးနိုးပြီး...

ရေစီးရပ် အရှိန်ကုန် မှ...

ပြန်လည်ခုန်...ထထွက်...

မတ်တပ်ရပ်ပြီး....

နေ့သစ်တစ်ခုစ...

နောက်တစ်ဘဝလိုစတင်...

အသက်ဝင်လှုပ်ရှား....

(ကျွန်တော်ဟာ)...

မနက်တိုင်းမှာ..မျက်နှာသစ်...

နံနက်စာအဖြစ်....

လွတ်လပ်မှုကို စားသောက်...

လမ်းလျှောက်နေသူတစ်ဦးပါ။


အိန်ခက်မျိုး

Aug17,2015Monday

  


#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }