Friday, September 25, 2015


=============

❆ ဘဝနှစ်​ခုရဲ့သချာင်္ ❆ 

=============


ဒီမှာအမိ....

လူသားဆန်​ခြင်းဆိုတာ အလျှင်း​မရှိ

လူ့ဘဝဆိုတာရဲ့အသိထက်

တစ်​​နေ့​ ငွေအုပ်​​ရေဘယ်​​လောက်​ထွက်​ထွက်

အဆက်​မပြတ်​​ရေတွက်​​နေရတဲ့​ငွေ​ရေစက်​အလား....

ငွေတွက်​ဖို့ပဲစဉ်းစား​​​နေတဲ့...မင်းကို

လူသားဆန်​လိုတဲ့ကိုယ်​နဲ့

စားချပစ်​ခဲ့မယ်​ဆို....

သုညအစားတစ်​​လေ...

အ​ဖြေအထွက်​ဟာ ​ကျေနပ်​စရာမရှိ

တကယ့်​ကိုသုညအတိပဲထွက်​မှာပါ။


ဒီမှာအမိ....

ငွေ​ကြေးဓန​တွေ​​ပေါကြွယ်​ဝ

ပိုင်​ဆိုင်​မှု​တွေ ​များလှတဲ့ မင်းကိုသာ...

ဥစ္စာပစ္စည်းဆိုတာ ​...

ပြောစရာ မည်​မည်​ရရမရှိ

ဗလာ တကယ်​နတ္ထိချည်းဆိုတဲ့ ကိုယ်​နဲ့စား

ထွက်​သွားမယ့်​အ​ဖြေအသစ်​က...

တစ်​အစားသုည​...

အနန္တအ​ဖြေ....

ဆုံးဖြတ်​လို့​တောင်​မရ​ပေဘူး ။


အိန်​ခက်​မျိုး

Sept.24,2015.

Thursday.

5:30a.m.

No comments:

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }