Thursday, September 10, 2015

❆  ညီညွတ်​ခြင်း  ❆ 

=============


စကတည်းက

အားလုံးရွေးချယ်

သင့်တော်မယ်တဲ့...။


ခရီးရဲ့ လမ်းသတ်မှတ်

သူတို့ ခရီး စထွက်ပြီ....။


အသင့်တော်ဆုံးလို့

သူတို့ ရှေ့ဆုံးတင်ထားသူ....

ချိုင့်ထူထူ ကျင်းနက်နက်

ကုန်းတက်တက် ကုန်းဆင်းဆင်း

လမ်းကျဉ်းကျဉ်း လမ်းကျယ်ကျယ်

လမ်းငယ်ငယ် လမ်းကြီးကြီး

ခရီးနီးနီး ခရီးဝေးဝေး

ခရီးကွေးကွေး ခရီးဖြောင့်ဖြောင့်

ခရီးထောင့်ထောင့် ခရီးမြန်မြန်

မဖောက်မပြန် မဖီဆန်ဘူး

မငြင်းမဆန် ခွန်းတုန့်ပြန်ဘူး

မကန်မတိုက် ဘေးတိုက်လိုက်ဘူး

စဦး၌ချ လမ်းမူလတိုင်း

နောက်ကလိုက်လာ ရှေ့သွားရာကို

ညီညာဖြဖြ ဒွိကိုချကာ

ဧကတစ်လမ်း ရှေ့နောက်တန်းသည်

ပုရွက်တို့လမ်း တစ်တန်းတည်း..........။   ။



အိန်ခက်မျိုး

(Sept. 8 , 2015

Tuesday

4:37p.m.)

ရွှင်ပြုံးချမ်းမြေ့...

လိုရာပြည့်ကြပါစေ။



No comments:

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }