Wednesday, December 31, 2014
      ''​ကျေးဇူးတင်​စကားဆိုခြင်း ''
မ​တော်​တဆဖြစ်​​စေ၊ တမင်​သက်​သက်​ဖြစ်​​စေ
လာ​ရောက်​လည်​ပတ် ​ဖတ်​ရှုခံစား​ပေးသူများကို​ကျေးဇူးအထူးတင်​ပါသည်​။
Comment ​လေးများလည်း ​ချီး မြှင့်​​ပေးခဲ့ကြပါခင်​ဗျား။
 ( ဒီ post ရဲ့ညာဘက်​​ဘေးမှာ >>>>--------------------------------------------------------------------------->>>>
comment box အသစ်​​လေးရှိပါတယ်​။
အဲဒီမှာ ဘာမှ sign in မလုပ်​ရပဲ ကိုယ်​ကြိုက်​ရာနာမည်​နဲ့
လွယ်​ကူစွာ comment ​ပေးနိုင်​ပါတယ်​ခင်​ဗျား။
ကျွန်​​တော်​လည်းစမ်းသပ်​ပြီးcomment ​ပေးထားပါတယ်​ အဲဒီ​နေရာမှာ။)
ခင်​မင်​​လေးစားစွာဖြင့်
          SYMMETRICAL
20-03-2014    1:08A.M.
hlaing.symmetrical@gmail.com
"HAPPY MYANMAR NEW YEAR TO YOU ! "
နှု တ်​ခွန်းဆက်​စကား
''   အားပေး ဖတ်ကြည့် 
မျ က်စေ့လည် ရောက်လာ
 ဘာတွေလဲ တွေး
 စိတ်ညစ် ပြေးထွက်
 နောက်ထပ် မကြည့်တော့ 
မိုင် ဘလော့ဂ် ပါ။    ။'  
:-)     :-)       :-)
***ကျွန်​​တော်​ ငယ်​ငယ်​က ဖတ်​ခဲ့ဖူးတဲ့ကဗျာ​လေးတစ်​ပုဒ်​ တင်လိုက်​​ပါရ​စေ။
ကဗျာ​ရေးသူ ကဗျာဆရာအမည်​​တော့မသိ​တော့ပါ။
နှစ်​သက်​စရာ​လေးမို့​ဖော်​ပြလိုက်​ပါတယ်​။***
ဂုဏ်​ရည်​မတူ
ပွင့်​ခဲ့နိုင်​လည်း 
ငုခိုင်​က​လေး မျက်​နှာငယ်​ ။ ။                                            
*** ရေးသူမမှတ်​မိပါ။ မူရင်းကဗျာ​ခေါင်းစဉ်​လည်းမမှတ်​မိပါ။သို့အတွက်​လိုက်​ဖက်​မယ့်​ရုပ်​ရှင်​ကားအမည်​​လေး
စဉ်းစားမိတာ​ကြောင့်​တွဲဖက်​တပ်​​ပေးလိုက်​ပါတယ်​။***
Sunday, December 21, 2014
"မဟာရန်​ကုန်​​"
မ​ပေတစ်​ရာတဲ့
ပေတစ်​ရာ​ထက်​မှာ...လ
ဆပ်​ပြာခွက်​က​လေး​တွေနဲ့
ဆပ်​ပြာပုံးကြီး​တွေကတဖုံ....။
မလိမ့်​တစ်​ချက်​ လိမ့်​တစ်​ချက်​နဲ့...
မောင်းတယ်​ ဘယ်​မှာ မဆိုသာတဲ့ပုံ.....။
သူဦးသူဝင်​ ကိုယ်​ဦးကိုယ်​ထွက်​နဲ့
မီးပွိုင့်​မှာကန့်​လန့်​ဖြတ်​ပိတ်​​နေ...
ကို​ရွှေပုလိပ်​​တွေ......
ကြည့်​ ​နေရ ဒီတိုင်း.......။
ဆရာပီမိုနင်း​ရေ.....
ဆရာ့​ရွှေစ​လေး​တွေခမျာ​တော့...
အရုဏ်​လာအိမ်​ကထွက်​​​ရှာလည်း .....
ကိုယ်​လိုရာ ဌာ​နေအဆင်း.....
မင်း.......ခါး​တွေ....ကိုင်း.......။       ။
မှတ်​ချက်​။ လိုင်းကားဆရာများက ကိုယ်​ပိုင်​ကားငယ်​များကို ဆပ်​ပြာခွက်​က​လေးများ ဟု​ခေါ်ကြပါသည်​။ ။
အိန်​ခက်​မျိုး @ Symmetrical
Friday, July 25, 2014
" Looking up in the sky! "
The baby birds always try
When their parents teach them how to fly.
They make an effort not to be the last
While their parents fly so fast.
They have no spare time to sigh
When their parents fly so high.
They must fly or die in the clouds,thick,black
Even when the parents never look back.
Symmetrical @ Ein Khet Myo
:-) 
Monday, June 9, 2014
'' လမ်းဆုံများ''
ခု...အတူရှိ​နေ​ပေမယ့်
ဘယ်​​နေရာကလာကြ
မသိရဘူး​နော်​။
ခု...အတူရှိ​နေ​ပေမယ့်
တော်​​နေကြာ ဘယ်​သွားရ
မှန်းဆလို့လည်းတတ်​ဘူး​နော်​။
ရထားလမ်းနဲ့ကားလမ်းဆုံလို
ကြုံ တဲ့အခါ​တွေ့လိုက်​ရ
ချ စ်​၊မုန်း ကြ ငို၊ရယ်​ (ရီ)
ပြုံး၊မဲ့ အလီလီနဲ့
သည်​တစ်​​ကွေ့မှာ​တွေ့​ပေမယ့်
နောင်​ ဘယ်​​ကွေ့ကြုံမယ်​ဆိုတာ
သံသရာ ရှည်​သ​၍​တော့
ဆုံ​တွေ့ချ င်​မှ ​တွေ့ဦးမည်​။       ။
အိန်​ခက်​မျိုး
June 5,2014
Thursday
11:35pm
(မိသားစု၊​ဆွေမျိုး၊ မိတ်​​ဆွေ ၊ တပည့်များ သို့)
Monday, April 14, 2014
***ပုံထဲတွင်​ ​ဆေးခါးကြီးကို​ပေါ်လွင်​​စေရန်​ သကြားလုံး​လေးများကိုထည့်​ဖို့ ညီဖြစ်​သူမှ အကြံ​ပေးသဖြင့်​ ဖြည့်​စွက်​လိုက်​ရပါသည်​။...***
ဆေးခါးကြီးတစ်​ခွက်
ကိုယ်​တိုင်​ လိုလားလို့ပဲဖြစ်​ဖြစ်
မိဘက ထားလို့ပဲဖြစ်​​ဖြစ်
ယူချ င်​ချ င်​ မယူချ င်​ချ င်
ကျူ ရှင်​ ယူဖြစ်​တဲ့တပည့်​နဲ့
သူ့ဆရာတို့ရဲ့ကြား ၊
ကိုယ်​တိုင်​ စိတ်​နာလို့ပဲဖြစ်​ဖြစ်
အခြားတစုံတရာ​​​ကြောင့်​ပဲဖြစ်​ဖြစ်
တော်​ချ င်​ချ င်​ မ​တော်​ချ င်​ချ င်
အဆင်​မ​ပြေ ကွဲ​နေတဲ့မိဘနှစ်​ပါးနဲ့
သားသမီး တို့ရဲ့ကြား ၊
ကိုယ်​တိုင်​ ချ စ်​လို့ပဲဖြစ်​ဖြစ်
မိဘ​ပေးစားလို့ပဲဖြစ်​ဖြစ်
နေချ င်​ချ င်​ မ​နေချ င်​ချ င်
အိမ်​​ထောင်​သက်​ရှည်​ကြာ အက်​သံပါလာတဲ့
အတူ​နေလင်​မယားတို့ရဲ့ကြား ၊
မြင်​သာလျ က်​ပဲဖြစ်​ဖြစ်
မမြင်​သာလျ က်​ပဲဖြစ်​ဖြစ်
မဖြစ်​မ​နေ ချ ည်နှောင်တွယ်ငင် ကြိုးတစ်မျှ င်မို့ 
သောက်​ချ င်​ချ င်​ မ​သောက်​ချ င်​ချ င်
မျ က်​​စေ့စုံမှိတ်​ အံကြိတ်​မျို ချ
သောက်​​သင့်​ကြတဲ့ ​ဆေးတစ်​ခွက်​ဟာ
နားလည်​မှု ဆိုတဲ့​ဆေးခါးကြီးပါပဲ။      ။        ။
Symm
April 15,2014
Tuesday
7း46AM
(ဒီကဗျာတင်ပြီးမှfacebookမှာမထင်မှတ်ပဲ ဖတ်မိတာက ဆရာဦးဘုန်း(ဓာတု)ရဲ့
ဒီစာလေးတွေကိုဖတ်မိတယ်။
နည်းနည်းဆင်နေပါတယ်။
တိုက်ဆိုင်မှု ဖြစ်ပါတယ်။
ဒီနေရာကပဲ ဆရာဦးဘုန်းကို
ဂါရဝပြုအရိုအသေပေးပါတယ်။)
A FRIEND'S POEM
***ဒါ​လေးကလည်း ​ကျောင်း​နေဖက်​သူငယ်​ချင်း​နောက်​တစ်​​ယောက်​ရဲ့ကဗျာ​လေးပါပဲ။
အရမ်းနှစ်​ခြို​က်​စရာ​လေးမို့ တင်​​ပေးလိုက်​ပါတယ်​။ကျွန်​​တော်​​ရေးတဲ့ကဗျာ​တွေထက်​ ပိုကြိုက်​လို့ပါ ခင်​ဗျား။အား​ပေးခံစားကြည့်ကြပါဦး။(စကားချပ်​။   ။ PSY ရဲ့ GENTLEMAN  က​နောက်​မှ​ပေါ်တာ။ ကျွန်​​တော့်​သူငယ်​ချင်းကဗျာကလွန်​ခဲ့တဲ့ ၁၅နှစ်​ ၁၆နှစ်​​လောက်​ ကတည်းကပါ။)***
             လူကြီးလူ​ကောင်း 
         စင်​​ပေါ်တက်​​ကြွေး​ကြော်
         သူ့ အာ​ဘော်​ က
         အရှက်​နဲ့ ဂုဏ်​သိက္ခာ
         ဘဝမှာ အ​ရေးပါတယ်​တဲ့။
         သို့​ပေမယ့်​ ...
         သူ ကွင်းလုံးကျွတ်​​နေတာ သူမသိ
         ဝိုင်းကြည့်​​နေတာလည်းအရာမထင်
         ဟန်​တပြင်​ပြင်​ စင်​​ပေါ်ကအဆင်း
         ဖိနပ်​ချင်း​တောင်​လဲသွားလိုက်​​သေးတယ်​။
'' A friend's poem ''
***ဒါက ကျွန်​​တော်​​ရေးတာမဟုတ်​ပါဘူး။ ​ကျောင်း​နေဖက်​သူငယ်​ချင်းတစ်​​ယောက်​ရဲ့ကဗျာပါ။ ကျွန်​​တော့်​ကဗျာ​တွေထက်​ကိုသ​ဘောကျလွန်းလို့ တင်​လိုက်​တာပါ။ခံစားအား​ပေးကြပါဦး။***
        လူ
      ကိုယ်​နဲ့မကြည်​....
      ......... ဥာဏ်​မမီ  ။
       ဥာဏ်​ရည်​သာ​မြောက်​​....
      ..........​ဂေါက်​​     ။         ။
                   မင်းညို
Monday, March 31, 2014
Poem-1
❆ "ရှု​ထောင့်​တစ်​ခု"❆ 
=====================
အိမ်​​ထောင်​​ရေးဆိုတာ..........
သွေးမ​တော်​ သားမစပ်​အရင်းဆုံးနှစ်​​ယောက်
မျ က်​​စေ့​ဒေါက်​​ထောက်​ကြည့်​ အပြန်​အလှန်
ဆန်​​ပေး​ ​ဆေးရ ဇာတ်​​တွေနဲ့
တစ်​ကွက်​ခင်းတစ်​ကွက်​ချ န်
တစ်​ချ ပ်​လှန်​တစ်​ချ ပ်​ဝှက်
မျှော်​​ ​မြင်​ခြင်းပြဇာတ်
ဒါမျိုးဖြစ်​ရပ်​များ လှပြီ။
အ​ပေးအယူ
ကြည်​ဖြူ  မျှ တ
ချ စ်​စကြင်​စက​နေ
သေတစ်​ပန်​သက်​တဆုံး
Secret Password မသုံး
မေတ္တာတရားခေါင်းအုံးပြီး
လုံးလုံးစိတ်​မကွက်​ကြသူ​တွေ
ရှိပါ​စေ ရှားသည်​ကအမှန်​။
ဒါသည်​ပင်​ ကံတရား
အ​လောင်းအစားတစ်​ခုလိုမို့
ထီထိုးဖို့​တောင်​ပျ င်းတဲ့ကျ ​နော်
တော်​ပါပြီ လက်​​ရှောင်​  ''ထွက်​စို့...''
ဘေးထွက်​ရပ်​လို့​နေလိုက်​ပြီ။    ။  
                              Symm
                               Sunday Jan 12,2014
                                1:23a.m.
***ဒါက ဖုန်းထဲက ပါတဲ့ပုံပါ။ကျွန်​​တော်​​ဆွဲတာမဟုတ်​ပါ။
Poem-2
ကွက်​လပ်
ကွက်​လပ်​ ဆိုတာ
လိုတဲ့အ​ဖြေဖြည့်​​ပေးနိုင်​ဖို့လိုပါတယ်​။
လိုတာတ​ခြား​ဖြေထားတလွဲ
ဒါ..........အလကားပါပဲ။      ။
အ​ဖြေသာရှိ
ဖြည့်​သူမရှိပါကလည်း
အထ​မြောက်​မှာမဟုတ်
ကွက်​လပ်​ဟာကွက်​လပ်​ပါပဲ။        ။
ကွက်​လပ်​ကိုမမြင်
ဖြည့်​စရာလို့မထင်​ရင်​လည်း
ပို​နေမြဲ ကျား​နေမြဲ။      ။
ကွက်​လပ်​မြင်​သိ
ဖြည့်​သူရှိကာ
လိုအပ်​တာကို
မှန်​ရာနဲ့ဖြည့်
အ​ဖြေ​တွေ့ရင်
စေ့​စေ့ဆိုင်​ဆိုင်
ကွက်​လပ်​က​လေး တန်​ဖိုးတက်​သွားနိုင်​ပါပြီ။
ကဲ.........ဒီ​တော့
နေ့စဉ်​ ဘဝ
ကျင်​လည်​​နေကြတဲ့ခဏ
အမှတ်​တရမဖြစ်
ကွက်​လပ်​ကျန်​ရစ်​​မှု များစွာ။
ကိုယ့်​ပတ်​ဝန်းကျင်
ကိုယ်​မထင်​ထားရာ​မှာ​တွေ့
ဖြည့်​လိုစိတ်​နဲ့ဖြည့်​​ပေးနိုင်​ကြပါ​စေ​သော်​ဝ်​။      ။
                                 Symm
                        6:49 pm, 13-1-2014
                               Monday
     ***  ​စေ့​စေ့ဆိုင်​ဆိုင်​= ​တေ့​တေ့ဆိုင်​ဆိုင်​၊ အကွက်​​စေ့​စေ့ တိုက်​တိုက်​ဆိုင်​ဆိုင်​၊ ​နေရာတကျ                
Sunday, March 30, 2014
Poem-3
=========
❆  ကျူရှင်  ❆ 
=========
- သူငယ်ချင်း.....
ငါ လေးတန်းတုန်းက...
အစိုးရစစ်
ကျူရှင်တက်ဖို့ မဖြစ်နိုင်တဲ့အချိန်
အိမ်မှာကျူရှင်ပြတဲ့ဆရာမ
ငါ့ကို အလကားလာတက်ဆိုလို့
တစ်ရက် သွားတက်ခဲ့ရဖူးတယ်။
ကျူရှင်လခ ပေးနိုင်သူတွေထဲ
ကိုယ်ကမပေးဘဲ တက်ရတာ
ရေရှည်ကျ အားနာစရာမို့
ဆရာမကိုဖွင့်ပြော တောင်းပန်
တားရှာသေးပေမယ့်...
ငါ....ကျူရှင်ကို ကျောခိုင်းခဲ့ရပြန်တယ်။
ကျူရှင် မတက်နိုင်ဘဲ
၎တန်းမှာ...အဆင့်တစ်ဆယ်ပဲ ရလို့
စိတ်ဓာတ်ကျမှာစိုးလို့ထင် ရဲ့ 
သဘောကောင်းတဲ့....ဆရာမတစ်ယောက်
ကျောင်းက ပေးတဲ့ ဆုအပြင်
တမင် သီးသန့် ငါ့အတွက်
ဆုသက်သက် ထပ်ချဖူးတယ်
ကျေးဇူးပါ.....ဆရာမရယ်......။
- သူငယ်ချင်း.....
 ဆယ်တန်းတုန်းက ငါ...
ကျူရှင် မတက်နိုင်လို့
ဘိုင်အိုမှာ ဆယ့်ငါးမှတ်နဲ့ 
အပြတ်အသတ် ကျခဲ့ဖူးတယ်။
-သူငယ်ချင်း.....
ငါ  တက္ကသိုလ် ရောက်ချိန်
အိမ်ကနေ ကျောင်းအသွား
လိုင်းကားပျက်ခဲ့ရင်
လစဉ်သတ်မှတ် ကျောင်းကားခအတွက် 
စိုးရိမ်ရေမှတ်ရောက်
အာရုံနောက် ရစတမ်း
ကျူရှင် ဆိုတာ...
အလှမ်းဝေးလွန်းလှပါတယ်။
နေ့ဖက်ကိုကျောင်းတက်
ညဖက် အလုပ်ခွင်မို့
ခရီးပန်းလို့ ကျောင်းမမှန်
စာတွေက အဆက်အဆံပြတ်
မင်းတို့ငါတို့
စာမေးပွဲနီးလို့
          အ​ရေးတကြီး သိလိုတဲ့စာများ                                       
ကျုရှင်ယူတဲ့ ...ဘော်ဒါတွေဆီကပ်
ကူးပြီး ကျက်မှတ်ခဲ့ရဖူးတယ်။
- ခုတော့...
ကျောင်းသားဘဝပြီးဆုံး
ဝုန်းကနဲ ပစ်ဝင်ဖို့ 
အလုပ်ခွင် ဘဝလမ်း
ရွေးရစတမ်းဆိုတဲ့အခါ
ကျူရှင် အမှတ်တရများနဲ့....ငါ
ဘာကိုရွေးချယ်ခဲ့သ လဲ။                    
နာသုံးနာကို ရင်မှာ ပိုက်ထွေး
ပညာဒါနတွေ ပေးဝေ
(ငါလေ)
ကျူရှင်ဆရာ ဖြစ်နေလေရဲ့  ။       ။
အိန်ခက်မျိုး 
29.10.2013
(Tuesday)
3:28 a.m.
Saturday, March 29, 2014
POEM-4     
ကျူးးရင့်ခြင်း
ချ စ်​​သောကမ္ဘာ​မြေ​ရေ.........
မင်း...အမြဲတ​စေသာယာဖို့
လိုတာမှန်​သမျှ
ငါ...​ဆောင်​ကျ ဉ်း​ပေးပါရ​စေ။
နေမင်းရဲ့အလင်းမရတဲ့အခါ
ညခင်းရဲ့သာယာမှုနဲ့အတူ
အလင်းဖြူ​တွေယူလာဖို့
ခန္ဓာကိုယ်​ဒြပ်​သားက
အလင်းပြန်​အား​တွေစု​ပေးမယ်​။
နေရဲ့အ​နွေးဓာတ်​မရ​​ပေမယ့်
ည​လေညင်းရဲ့ညင်​သာမှု
မင်းကိုပြု စုဖို့
အ​ဆွေ​လေထုကို​ပြော​ပေးမယ်​။
နေ့ရဲ့တက်​ကြွမှုမရ​ပေမယ့်
လပြည့်​ လကွယ်​မှာ
ဒီ​ရေရဲ့ကြွတက်​သံနဲ့အတူ
ညရဲ့ငြိမ်းချ မ်းမှုကို​ပေးမယ်​။
နေ့သစ်​ရဲ့စွမ်းအား​တွေ
နေမင်းကြီးလိုမ​ပေးနိုင်​​ပေမယ့်
ညငှက်​တို့ရဲ့​အော်​သံနဲ့အတူ
အ​မြဲအဖော်​ပြု​ပေးမယ့်​သူပါ။
တစ်​​နေ့တာ
ရင်​ဖွင့်​စရာ​တွေ
ကြားနာ​ပေးသူလိုတဲ့အခါ၊
စိတ်​တိုစိတ်​ညစ်
ထွက်​​ပေါက်​ဖြစ်​ဖို့
ရစ်​ခြင်းသက်​သက်
စကားကတ်​​တွေ​ပြောလိုတဲ့အခါ၊
ကျ ဉ်းထဲကျ ပ်​ထဲ
အကျ ပ်​အတည်းမို့
အကြံဥာဏ်​လည်းလိုတဲ့အခါ၊
ပျော်​​ရွှင်​မြူး ထူး
ကြည်​နူးမှု​တွေ
မျှ ​ဝေ​ပြောဆို
စားမြုံ့ပြန်​လိုတဲ့အခါ၊
..................အခါ၊
..................အခါ၊
သတိရလိုက်​ပါ
တစ်​​နေ့တာလုံး
မပြောင်းလဲတဲ့လည်နှုန်းနဲ့
မက်​မဆုံးမယ့်​အိပ်​မက်​​တွေအတွက်
မျှော်​ ​လင့်​ချ က်​မပါ ဖြည့်​ဆည်း​ပေး​နေမယ်​ဆိုတာ
မင်းရဲ့ ငါ  ၊
ကမ္ဘာရဲ့ဂြိုဟ်​ရံလ ​ပေါ့ကွာ ။    ။
             symm
(20th March 2014   12:41a.m. အဆုံးသတ်​သည်​။)
Friday, March 28, 2014
ကရင်​ပြည်​နယ်​ ဘားအံမြို့   ​ကျောက်​ကလပ်​​စေတီ​တော်
အထူးမှတ်​ချက်​။   ။  ဒီအ​ပေါ်က ပုံ​လေး၁ပုံက​တော့ ကျွန်​​တော်​ရိုက်​တာမဟုတ်​ပါ။အင်​တာနက်​ကပဲရတာပါ။လှလို့တစ်​စု
တစ်​စည်းတည်းဖြစ်​​အောင်​တင်​တာပါ။ပိုင်​ရှင်​ကို​ကျေးဇူးတင်​စွာဖြင့်​ဒီကပဲခွင့်​​တောင်းလိုက်​ပါတယ်ခင်​ဗျား။
           ( Credit to  Marcel Oosterwijk  -    fb.com/welovemyanmar)
ဇွဲကပင်​​တောင်​​ပေါ်မှဖူးမြင်​ရ​သော ​ကျောက်​ကလပ်​​စေတီ​တော်
ဘားအံ ဇွဲကပင်ေ​တာင်​​ပေါ်မှ ရှုမြင်​ကွင်းများ
''ဤကမ္ဘာ​မြေ ပြင်​​ပေါ်တလွှားဝယ်
သူငါများတို့ရယ်
အလှနဲ့သစ္စာကိုကွယ်​​ဖွေရှာ​မောကြတယ်​။
.........
.........
.........
ကိုယ့်​ဌာ​နေဝန်းကျင်​မှာကွယ်
တကယ်​ပင်​အလှရှိတယ်​။''
(အလှကမ္ဘာ​မြေ        ဆို-ဝင်းဦး )
ဇွဲကပင်​ ​တောင်​​ပေါ်သို့ အ​နောက်​ဖက်​မှတက်​ ​​​သောလမ်း ။
( အ​ရှေ့ဖက်​လမ်းကမတ်​​စောက်​ပြီး တက်​ရခက်​ပါသည်​။)
လှေကားတစ်​​နေရာမှ ​အောက်​ဖက်​သို့ အမြင်
ဇွဲကပင်​​တောင်​​ခြေဘုရားမှ အထွက်​  လက်​ယာဖက်​ ညာဘက်​ မှပတ်​အသွား လမ်း​ဘေး​ကျောက်​​ဆောင်​ကြီး တွင်
ပင့်​ကူအိမ်​ကြီး နှင့်​ ပျားအုံ တို့ကို​တွေ့ရပုံ။
အဲဒီက ဆက်​သွားတဲ့အခါ  မြိုင်​ကြီးငူ ၊ ​မော်​လမြိုင်​ သွား​သော ကားလမ်းဆုံ သို့​ရောက်​ပါတယ်​။
ဇွဲကပင်​​တောင်​သို့ လာရာလမ်း
'' ကရင်​ပြည်​နယ်​ ဇွဲကပင်​​တောင်​ သဘာဝအလှအပများ ''
ကရင်​ပြည်​နယ်​ ဘားအံမြို့ ဇွဲကပင်​​တောင်​​ခြေက ​ဘုရား ၊၊
ဒါက ဇွဲကပင်​​တောင်​​ပေါ်မှ ​တောင်​​ခြေရှိဘုရားသို့ဖူးမြင်​ရပုံ။
#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }