POEM-4
ချ စ်သောကမ္ဘာမြေရေ.........
မင်း...အမြဲတစေသာယာဖို့
လိုတာမှန်သမျှ
ငါ...ဆောင်ကျ ဉ်းပေးပါရစေ။
နေမင်းရဲ့အလင်းမရတဲ့အခါ
ညခင်းရဲ့သာယာမှုနဲ့အတူ
အလင်းဖြူတွေယူလာဖို့
ခန္ဓာကိုယ်ဒြပ်သားက
အလင်းပြန်အားတွေစုပေးမယ်။
နေရဲ့အနွေးဓာတ်မရပေမယ့်
ညလေညင်းရဲ့ညင်သာမှု
မင်းကိုပြု စုဖို့
အဆွေလေထုကိုပြောပေးမယ်။
နေ့ရဲ့တက်ကြွမှုမရပေမယ့်
လပြည့် လကွယ်မှာ
ဒီရေရဲ့ကြွတက်သံနဲ့အတူ
ညရဲ့ငြိမ်းချ မ်းမှုကိုပေးမယ်။
နေ့သစ်ရဲ့စွမ်းအားတွေ
နေမင်းကြီးလိုမပေးနိုင်ပေမယ့်
ညငှက်တို့ရဲ့အော်သံနဲ့အတူ
အမြဲအဖော်ပြုပေးမယ့်သူပါ။
တစ်နေ့တာ
ရင်ဖွင့်စရာတွေ
ကြားနာပေးသူလိုတဲ့အခါ၊
စိတ်တိုစိတ်ညစ်
ထွက်ပေါက်ဖြစ်ဖို့
ရစ်ခြင်းသက်သက်
စကားကတ်တွေပြောလိုတဲ့အခါ၊
ကျ ဉ်းထဲကျ ပ်ထဲ
အကျ ပ်အတည်းမို့
အကြံဥာဏ်လည်းလိုတဲ့အခါ၊
ပျော်ရွှင်မြူး ထူး
ကြည်နူးမှုတွေ
မျှ ဝေပြောဆို
စားမြုံ့ပြန်လိုတဲ့အခါ၊
..................အခါ၊
..................အခါ၊
သတိရလိုက်ပါ
တစ်နေ့တာလုံး
မပြောင်းလဲတဲ့လည်နှုန်းနဲ့
မက်မဆုံးမယ့်အိပ်မက်တွေအတွက်
မျှော် လင့်ချ က်မပါ ဖြည့်ဆည်းပေးနေမယ်ဆိုတာ
မင်းရဲ့ ငါ ၊
ကမ္ဘာရဲ့ဂြိုဟ်ရံလ ပေါ့ကွာ ။ ။
symm
(20th March 2014 12:41a.m. အဆုံးသတ်သည်။)
No comments:
Post a Comment