Monday, March 31, 2014

Poem-2

ကွက်​လပ်

ကွက်​လပ်​ ဆိုတာ
လိုတဲ့အ​ဖြေဖြည့်​​ပေးနိုင်​ဖို့လိုပါတယ်​။

လိုတာတ​ခြား​ဖြေထားတလွဲ
ဒါ..........အလကားပါပဲ။      ။

အ​ဖြေသာရှိ
ဖြည့်​သူမရှိပါကလည်း
အထ​မြောက်​မှာမဟုတ်
ကွက်​လပ်​ဟာကွက်​လပ်​ပါပဲ။        ။

ကွက်​လပ်​ကိုမမြင်
ဖြည့်​စရာလို့မထင်​ရင်​လည်း
ပို​နေမြဲ ကျား​နေမြဲ။      ။

ကွက်​လပ်​မြင်​သိ
ဖြည့်​သူရှိကာ
လိုအပ်​တာကို
မှန်​ရာနဲ့ဖြည့်
အ​ဖြေ​တွေ့ရင်
စေ့​စေ့ဆိုင်​ဆိုင်
ကွက်​လပ်​က​လေး တန်​ဖိုးတက်​သွားနိုင်​ပါပြီ။

ကဲ.........ဒီ​တော့
နေ့စဉ်​ ဘဝ
ကျင်​လည်​​နေကြတဲ့ခဏ
အမှတ်​တရမဖြစ်
ကွက်​လပ်​ကျန်​ရစ်​​မှု များစွာ။
ကိုယ့်​ပတ်​ဝန်းကျင်
ကိုယ်​မထင်​ထားရာ​မှာ​တွေ့
ဖြည့်​လိုစိတ်​နဲ့ဖြည့်​​ပေးနိုင်​ကြပါ​စေ​သော်​ဝ်​။      ။

                                 Symm
                        6:49 pm, 13-1-2014
                               Monday
       
     ***  ​စေ့​စေ့ဆိုင်​ဆိုင်​= ​တေ့​တေ့ဆိုင်​ဆိုင်​၊ အကွက်​​စေ့​စေ့ တိုက်​တိုက်​ဆိုင်​ဆိုင်​၊ ​နေရာတကျ                

           















No comments:

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }